သတင်းများ

ရွှေသောင်ယံမြို့ မကျီးဇင်၊ ဘောမိကျေးရွာအုပ်စုများရှိ ကျေးရွာ(၃)ရွာတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Aug 16,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်၊ ဘောမိကျေးရွာအုပ်စုများရှိ ဘောမိကျေးရွာ၊ ဂျိတ်လက်ကျေးရွာ၊ ဂျိုင်လယ် ကျေးရွာတို့ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ရာ ဂျိုင်လယ်ကျေးရွာရှိ အလယ်တန်းကျောင်းခွဲ၌ စုရပ်ပြုလုပ်၍ ကိုဗစ်-၁၉ ကာကွယ် ဆေးအလုံး (၁၀၀) ကို လူဦးရေ(၂၀၀)အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဝိုင်းမော်မြို့နယ်တွင် ကျေးရွာများသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ
Aug 16,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများနှင့် ပြည်သူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီတွင် မိုင်းနားကျေးရွာ၊ ဓမ္မရက္ခိတကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများ လာရောက်လှူဒါန်း
Aug 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများမှကြီးမှူး၍ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်း(၂၂)ကျောင်းအားဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်း
Aug 16,2021
တနိုင်းမြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများမှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတွင် ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်း (၂၂) ကျောင်းအား ဆွမ်းဆန်တော်နှင့် ဆီ များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊တောဖျားချောင်းဒေသရှိ ကျေးရွာအုပ်စုများသို့ နှာခေါင်းစည်း(Mask)များ သွားရောက်လှူဒါန်း
Aug 16,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသရှိ ကျေးရွာများသို့ ယမန်နေ့က ပိုးရွှီပြင်မဟာမိတ် လူမှုကူညီရေးအသင်းမှ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နှာခေါင်းစည်းMask (၂၅၀၀၀)ခုကို သွားရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေး
Aug 16,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်၈နာရီကလည်း မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်နေရာ(၅)နေရာ၌ ဦးစားပေးအစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ပင်လည်ဘူးမြို့နယ်အတွင်းရှိ ၆၅ နှစ်နှင့်အထက်နှင့် ဦးတည်လူဦးရေ (၄၈၇၆)ဦးနှင့် တတိယအကြိမ် ဒုတိယအသုတ် နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု(၁၀၀)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့်အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ဦးတည်အုပ်စုခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၁၆ ရက်နေ့က လူဦးရေ (၄၈၇၆) ဦးအား အောင်မြင်စွာ ထိုးနှံပြီးစီးပြီဖြစ်ကြောင်း နှင့် တတိယအသုတ် ဒုတိယအကြိမ် နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစု (၁၀၀) ဦးတို့ကိုလည်း အထက-ပင်လည်ဘူး၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။