ကျောက်ပန်းတောင်းဆေးရုံတွင် ကိုဗစ်သံသယရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးရာ(၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ

ကျောက်ပန်းတောင်း ဩဂုတ် ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ သံသယရှိသူများအား ဩဂုတ်(၁၅)ရက်နေ့ နံနက်(၉)နာရီမှ မွန်းလွဲ(၂)နာရီအထိ၊ RDT Test Kit ဖြင့်စစ် ဆေးပေးခဲ့ရာ (၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

 

အဆိုပါ ပိုးတွေ့ရှိသူများမှာ အောင်မင်္ဂလာရပ်ကွက်မှ အသက်(၇၄)နှစ်ရှိ အမျိုးသမီး(၁)ဦး၊ စိတ္ထိန်းကျေးရွာမှ အသက် (၆၇)နှစ်အရွယ်ရှိ အမျိုးသား(၁)ဦးနှင့် မဲဒီးကျေးရွာမှ အသက်(၆၄)နှစ်အရွယ်ရှိ အမျိုးသမီး(၁)ဦး စုစုပေါင်း (၃)ဦးဖြစ်၍ ၎င်းတို့ အနက်မှ အောင်မင်္ဂလာရပ်ကွက်မှ ပိုးတွေ့လူနာကို ၎င်းပိုင်ခြံဝန်းအတွင်းသီးသန့်အဆောင်တွင် ကုသထားရှိကြောင်းနှင့် ကျန် ကျား(၁)ဦးနှင့် မ(၁)ဦးတို့ကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုသထားရှိကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင်  ၂၀၂၁ခုနှစ်၊ ဩဂုတ်(၁၅)ရက်နေ့အထိ မြို့နယ်အတွင်းပိုးတွေ့ရှိသူ ကျား(၂၂၇)ဦး၊ မ(၁၇၀)ဦး စုစုပေါင်း(၃၉၇)ဦးမှ ဆေးရုံဆင်း ခွင့်ရရှိသူ ကျား(၁၃၄)ဦး၊ မ(၁၂၀)ဦး ပေါင်း (၂၅၄)ဦး ရှိ၍ သေဆုံးသူ ကျား(၂၄)ဦးနှင့်မ(၁၈)ဦးပေါင်း(၄၂)ဦးဖြစ်သဖြင့် လက်ရှိ တွင် ဆေးရုံတက် ရောက်နေသူ ကျား (၆၉)ဦးနှင့် မ(၃၂)ဦး စုစုပေါင်း(၁၀၁)ဦးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

 

နေအောင်(ပြန်/ဆက်)