သတင်းများ

ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၆၅)နှစ်နှင့် အထက်ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဩဂုတ်လ ၁၆ ရက် နံနက် ၉ နာရီက စ၍ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေးဌာန)နှင့် အထကတို့တွင် နှစ်နေရာခွဲပြီး ထိုးနှံပေးလျက်ရှိသည်။
ကသာမြို့ရှိ မဟာစည်သာသနာ့ရိပ်သာနှင့် တောင်ပေါ်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ထောက်ပံ့လှူဒါန်း
Aug 16,2021
မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် သီတင်းသုံးနေထိုင်တော်မူကြသော ရဟန်းသံဃာတော်များ၊ သီလရှင်များအနေဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲမှုမရှိစေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကသာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှလည်း ကသာမြို့ရှိ မဟာစည်သာသနာ့ရိပ်သာနှင့် တောင်ပေါ်ကျောင်းများသို့ ဩဂုတ်လ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများကို သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ဒေသတွင်း မွေးမြူခြင်းကြောင့် အသား(ဥ)များ ပြတ်လပ်မှုမရှိဘဲ ဖူလုံမှုရှိနေ
Aug 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကာလအတွင်း ဒေသတွင်း မွေးမြူခြင်းကြောင့် အသား(ဥ)များ ပြတ်လပ်မှုမရှိဘဲ ဖူလုံမှုရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ၈၅၈ ဦးအား ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅)နှစ်အထက်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်း မိသားစုများ၊ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ ယနေ့ထိဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ ၂၀၆ ဦး မြဝတီ အမှတ်(၂)ချစ်ကြည်ရေး တံတားမှ တစ်ဆင့် ဆက်လက်ဝင်ရောက်
Aug 16,2021
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့ မြန်မာထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ပြန်လည် ကြိုဆိုလက်ခံခြင်းကို ၂၀၂၁ ခုနှစ် သြဂုတ်၁ရက်မှ စတင်ဆောင်ရွက်ပေး လျက်ရှိရာ သြဂုတ် ၁၅ တွင် ၂၀၆ ဦး ဆက်လက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင် များ အခမဲ့ဆက်လက် ငှားရမ်းပေးမည်
Aug 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ITEM ပရဟိတလူငယ်အသင်းမှ အမှန်တကယ် အောက်ဆီဂျင်လိုအပ်သည့် ပြည်သူများအတွက် အခမဲ့ ငှားရမ်းပေးလျက်ရှိရာ ယနေ့တွင်လည်း ထပ်မံရောက်ရှိလျက်ရှိသော အောက်ဆီဂျင်အိုးနှင့် အရည်များကို မှတ်ပုံတင်မူရင်းနှင့်တကွ 20liter အိုး နှင့် 30 liter အိုးတစ်လုံးလျှင် (၂)သိန်းကျပ်နှုန်း ၊ 40 liter အိုးတစ်လုံးလျှင် (၃)သိန်းကျပ်နှုန်း Deposit (စရံငွေ) ယူ၍ ထပ်မံငှားရမ်းပေးမည်ဖြစ်ပြီး အောက်စီဂျင်အရည်လိုအပ်ပါကလည်း အခမဲ့ ဖြည့်သွင်းပေးကာ အောက်ဆီဂျင် အိုးများ ပြန်လည်အပ်နှံပါက မိမိတို့တင်ရှိထားသည့် Deposit (စရံငွေ) များကို ပြည်သူများထံ ပြန်လည် ပေးအပ် မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ဝက်လက်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦး ထိုးနှံ ပြီး
Aug 16,2021
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ် သော ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် လူဦးရေ ၅၀၀၀ ဦးကို ထိုးနှံပြီးကြောင်း သိရသည်။