Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများကျန်းမာရေးအတွက် လိုအပ်သော ဆေးပစ္စည်းများ အား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ဟန်သစ်ညီအစ်ကိုပရဟိအဖွဲ့မှ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်သူများ ကျန်းမာရေးအတွက် လိုအပ်သော ဆေးပစ္စည်း များအား ဈေးနှုန်းချိုသာစွာဖြင့် မြို့မစည်ပင်သာယာရေးဈေးကြီး အရှေ့ဘက် မိဘဂုဏ်စတိုးဆိုင်အနီးတွင် နေ့စဉ် နံနက်(၇)နာရီမှ (၁၀)နာရီအထိ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဆေးဆိုင်များအားစစ်ဆေး
Aug 17,2021
ရခိုင်ပြည်နယ်၊ဂွမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဂွမြို့ပေါ်ရပ်ကွက် အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်(၉)ဆိုင်အား ယမန်နေ့ညနေပိုင်းက စတင်၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင် ရေးကွင်းဆင်းစစ်ဆေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ သည့် ကာလဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ် ၊ ကုသရေးဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ သာမန်ဈေးနှုန်းထက် အဆမတန်ရောင်းချခြင်းမရှိစေရန် ရည်ရွယ်၍ မြို့ပေါ် ရပ်ကွက်ရှိ ဆေးဆိုင်များဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တာဝန်ရှိသူများက စစ်ဆေးခြင်းများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအသိပညာပေးနှိုးဆော်
Aug 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူ များအား အသိပညာပေး နှိုးဆော်ခြင်းအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်ခန့်က ကွန်ဟိန်းတံတား ပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့တွင် ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား စျေးနှုန်းမှန်ကန် စွာရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဒေသခံမိဘပြည်သူများဝယ်ယူ သုံးစွဲလျက်ရှိသည့် ဆေးဝါးများပြတ်လတ်မှုမရှိစေရေးနှင့်၊ စျေးနှုန်းမှန်ကန်စွာရောင်းချရေး အတွက် ရပ်ကွက်/ကျေးရွာများရှိ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီးကွင်းဆင်းဆောင်ရွက်
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရပ်ကွက်နေပြည်များ စားဝတ်နေရေး အဆင်ပြေစေရန် အလှူရှင်များမှ ဆန်များလှူဒါန်း
Aug 17,2021
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရပ်ကွက်နေ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယနေ့ နံနက်(၉)နာရီ အချိန်က အလှူရှင်များမှ ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အကြပ်အတည်းဖြစ်သူ အိမ်ထောင်စုများထံသို့ အိမ်ထောင်တစ်စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဆန်ရိက္ခာများ ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့အတွင်းရှိ ဆိုင်များတွင် ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် စျေးနှုန်းမှန်ကန်မှုရှိစေရေး တာဝန်ရှိသူ များက ကွင်းဆင်းစစ်ဆေး
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကိုဗစ် - ၁၉ရောဂါ ကူးစက်မှု မြင့်မားနေသည့် ကာလတွင်စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေး ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ် အရည် အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးတို့အတွက် ရည်ရွယ်၍ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းအချိန်က မအူပင်မြို့အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်များအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့ အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုံအထည်ချုပ်စက်ရုံ ဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ် ၄ ရပ်ကွက် ရှိ ဟွာမှုံအထည်ချုပ် စက်ရုံဝန်ထမ်းများကို ယခုလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် ဟွာမှုံ အထည်ချုပ်စက်ရုံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27387
Page
27388
Page
27389
Page
27390
Current page
27391
Page
27392
Page
27393
Page
27394
Page
27395
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department