ရွှေသောင်ယံ သြဂုတ် ၁၇
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအတွင်း ရပ်ကွက်နေ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယနေ့ နံနက်(၉)နာရီအချိန်က အလှူရှင်များမှ ရပ်ကွက်အတွင်းရှိ စားဝတ်နေရေး အကြပ်အတည်းဖြစ်သူ အိမ်ထောင်စုများထံသို့ အိမ်ထောင်တစ်စုလျှင် ဆန်(၂)ပြည်နှုန်းဖြင့် ဆန်ရိက္ခာများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထို့သို့လှူဒါန်းရာတွင် ရွှေသောင်ယံမြို့ အမှတ်(၃)ရပ်ကွက်ရှိ D&W ဟိုတယ်လုပ်ငန်းရှင် ဒေါ်ဝါဝါ၊ အမှတ်(၂) ရပ်ကွက်ရှိ ဟိုတယ်ရွှေသောင်ယံ မိသားစု၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးမောင်မောင်လေးမိသားစု၊ ဦးငြိမ်းချမ်းဝင်းအောင် မိသားစုတို့မှ အမတည်၍ ရပ်ကွက်အတွင်းရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းမှုဖြင့် ဆန်အိတ်(၃၁)အိတ်ကို အဆိုပါ အမှတ်(၂)ရပ်ကွက်အတွင်းရှိ ရွှေနဒီ(၁)(၂)(၃)၊ ကျောက်တလုံး စသည့်နေရာဒေသ များတွင် နေထိုင်သော မရှိဆင်းရဲသား အိမ်ထောင်စုများထံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်လံလှူးဒါန်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ