သတင်းများ

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်းရှိ ဆန်စက်အား သွားရောက်ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအား ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့် ကြက်ဥများပေးအပ်
Aug 17,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းအား ကြည့်ရှုပြီးတိုင်းရင်းဆေးရုံ၊ ဘားအံနည်းပညာတက္ကသိုလ် Quarantine Centerများ၌ တာဝန် ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များအား ‌ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့်ကြက်ဥ များ ပေးအပ်‌ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ကျိုက်မရောတွင် နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ သွားလာနေသူများအား စစ်ဆေးကြပ်မတ်
Aug 17,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့ကျလာစေရန် အသိပေးနှိုးဆော်ခြင်းများနှင့် စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်ခြင်းများကို နေ့စဉ်အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ဦးဆောင်ကာ သက်ဆိုင်ရာရပ် ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ ယမန်နေ့ ညနေပိုင်းက လူအသွားအလာများသည့် လမ်းဆုံများနှင့် စပယ်ဂူတံတားထိပ်တို့၌ အဖွဲ့နှစ်ဖွဲ့ ခွဲကာ ပါးစပ်ပိတ် နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေကြ သည့် အိမ်ပြင်ထွက်သူများ၊ ခရီးသွားလာကြသူများအား စစ်ဆေးအရေးယူ ပညာပေးမှုများ ပြုလုပ်ခဲ့ ကြသည်။
ဝေါမြို့နယ်တွင် အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
Aug 17,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို၌ပိုးတွေ့လူနာများအား ကုသနိုင်ရန်အတွက် ဝေါမြို့နယ် ကိုဗစ်-၁၉ ထိန်ချုပ်ရေးနှင့် အရေးပေါ်တုန်ပြန်ရေးကော်မတီသို့ အလှူရှင်များမှ အောင်ဆီဂျင်စက် တည်ဆောက်နိုင်ရေးအတွက် ယမန်ရက်နေ့နံနက် ၁၁ နာရီက အလှူရှင်များမှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ အောင်စီဂျင်စက် တည်ဆောက် နိုင်ရေးအတွက် ဖိုးဦးစိန်ကျေးရွာ ဦးသီဟနှင့်အဖွဲ့မှ သုံးသိန်းကျပ်၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုဦးစီးမှူး ဦးတင်ထွဋ် မိသားစုမှ တစ်သိန်းကျပ်တို့အား ပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့နယ်၌ သဝင်ချောင်းကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး
Aug 17,2021
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သဝင်ချောင်း ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြင့် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ကျေးရွာအဝင် လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်တော မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဦးသန်းထွန်းနှင့် ဝန်ထမ်းများက သွားရောက်စစ်ဆေးကြကြောင်း သိရသည်။
သာစည်မြို့နယ်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ချထားပေးမည့် အောက်ဆီဂျင်ထုတ်စက်နှင့် မြို့နယ်မှ အလှူရှင်များ ပူးပေါင်းပါဝင်လှူဒါန်းမှုတို့ဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်မည်
Aug 17,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် အောက်ဆီဂျင်လိုအပ်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချထားပေးမည့် အောက်ဆီဂျင်ထုတ်စက်နှင့် မြို့နယ်မှ အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် အောက်ဆီဂျင်ထုတ်စက်ရုံ တည်ဆောက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက်က စတင်၍  မြေနေရာရှင်းလင်းရေး   စတင်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုအလိုက် ဆေးထိုးစုရပ်(၂)ခုခွဲ၍ ထိုးနှံပေးလျက်ရှိရာ၊ ယမန်နေ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူ စုစုပေါင်း (၁၁၉၈)ဦး ရှိကြောင်း သိရသည်။
မင်းပြားမြို့၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် Mask Campaign ပြုလုပ်
Aug 17,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း(Mask)များကိုမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီက၊ မင်းပြားမြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၊ ကားဂိတ်နှင့် မြို့ဝင်/ မြို့ ထွက်နေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre တွင် ရွေ့လျား ကွန်ပျူတာသုံး ဓာတ်မှန်စက် ပြင်ဆင်ထားမှုကြည့်ရှုစစ်ဆေး
Aug 17,2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၉ နာရီက မော်လမြိုင်တက္ကသိုလ် (၁၀) မြို့နယ်ဆောင် Quarantine Centre ရှိ ဘားအံဆောင်တွင် ကိုဗစ်-၁၉ လူနာများအား ရောဂါအဆင့် သတ်မှတ်ရာ၌ မရှိမဖြစ်လိုအပ် သည့် ရွေ့လျားကွန်ပျူတာသုံး ဓါတ်မှန်စက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ၄င်းဓာတ်မှန်စက်ဖြင့် ပိုးတွေ့လူနာများကို အချိန်တိုအတွင်း ရောဂါ အဆင့် သတ်မှတ်နိုင်မည် ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အထူး ထိရောက်မှုရှိစေမှာဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် လည်း ကြပ်မတ်ဆောင်ရွက်ပေးကြရန်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။