ဂွ သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ဂွမြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး ကြပ်မတ်ရေးအဖွဲ့မှ ဂွမြို့ပေါ်ရပ်ကွက် အတွင်း ရောင်းချလျက်ရှိသော ဆေးဆိုင်(၉)ဆိုင်အား ယမန်နေ့ညနေပိုင်းက စတင်၍ စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့်ကာလတွင် ဈေးကွက်အတွင်း ကူးစက်ရောဂါကာကွယ် ကုသရေးဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စေရေးတို့အတွက် ရည်ရွယ်ကြောင်း သိရသည်။ မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းများဈေးကွက် စောင့်ကြည့်စစ်ဆေး ကြပ်မတ် ရေးအဖွဲ့၏လုပ်ငန်းတာဝန်များမှာ (က)ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြု ပစ္စည်းများသတ်မှတ် အရည် အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် မြေပြင်စစ်ဆေးဆောင်ရွက်ရန်၊(ခ)ဆေးဆိုင်များအားလုံး နေ့စဉ်ပုံမှန်ရောင်းချစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ (ဂ) ဆေးဆိုင်များ၏ဆေးဝါးနှင့် ဆေးပစ္စည်း လက်ကျန်စာရင်းများ ကောက်ယူပြုစုရန်နှင့် ဈေးကွက် လိုအပ်ချက် စာရင်းပြုစုရန်၊(ဃ)ဈေးကွက်အတွင်း ဆေးဝါး၊ ဆေးပစ္စည်းနှင့်အထောက်အကူ ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးအတွက် ဈေးကွက် လိုအပ်ချက် ကိုစောင့်ကြည့်ပြီးလိုအပ်သောဆေးနှင့်ဆေးပစ္စည်းများဖြည့်ဆည်းနိုင်ရေးOSS Task Force(ရန်ကုန်) နှင့်ချိတ်ဆက် ဆက်သွယ်ဆောင်ရွက်ရန် (c) ဆေးဝါး၊ဆေးပစ္စည်း တင်သွင်းဖြန့်ဖြူးသည့် ကုမ္ပဏီများမှာ မော်တော်ယာဉ်များနှင့် ဝန်ထမ်းများ သက်ဆိုင်ရာဆေးဆိုင်များနှင့် ဆေးသိုလှောင်သည့်နေရာများသို့ ဝင်ရောက်ကုန်ချနိုင်ရေး ကူညီပံ့ပိုးပေးရန်၊ (စ)ဆေးဝါးနှင့်ဆေးပစ္စည်းကုမ္ပဏီနှင့်ဆေးဆိုင်များမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဦးစားပေး ကူညီဆောင်ရွက်ပေးရန်၊ (ဆ) ဈေးကွက် အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်သွေးနိမ့်ပစ္စည်းများ၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်ဥပဒေနှင့် တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူရန်၊ (ဇ)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ (စျ)ဈေးကွက် ၂ သတ်မှတ်အရည်အသွေးနှင့် ကုန်ဈေးနှုန်းမှန်ကန်မှု ရှိစေရေးတို့အတွက် မူဝါဒဆိုင်ရာ အခက်အခဲများရှိပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ရန်၊ (ည) ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်၊(ဋ)ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် စက်ရုံများ၏ အခက်အခဲများရှိပါက အစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်ရန်၊ (ည) ပြည်နယ်အစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်၊(ဋ)ဆေးနှင့်ဆေးပစ္စည်းများ ပြည်ပမှတင်သွင်းသည့် လုပ်ငန်းရှင်များနှင့် စက်ရုံများ၏အခက်အခဲများ ရှိပါက အစိုးရအဖွဲ့သို့ တင်ပြပြီး ကူညီပံ့ပိုးရန်၊ စသည်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါဆေးဆိုင်များအား လိုက်လံစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဇာနည်ကျော်၊ အဖွဲ့ဝင် ဗိုလ်မှူးမျိုး ဇေယျာ၊မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးဟန်မွှေး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် အခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနစသည်တို့မှ တာဝန်ရှိသူများက လိုက်လံစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်း