Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
တွံတေးမြို့နယ်တွင် ယနေ့ထိစစ်ဆေးမှု့အရ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ (၅၇၃)ဦး တွေ့ရှိပြီး ဆင်းခွင့်ရသူ ၃၈၄ ဦးရှိ
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန့်ပွားလျက်ရှိရာ ယနေ့အထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ(၅၇၂)ဦးတွေ့ရှိပြီး သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ(၃၈၄)ဦး၊သေဆုံးသူ(၁၃၂)ဦးရှိ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါတုံပြန်ရေး ကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်(လဝက)ဦးစီးဌာနမှ အမတ(၃၀၆)တပ်ရင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အရှေ့မော်တုန်းရွာရှိ အမှတ်(၃၀၆) အမြောက်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကိုကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့၌ မိုးစပါးစိုက်(၄၀၈၇၉)ဧက စိုက်ပျိုးနိုင်ခဲ့
Aug 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧ (၅၂၇၉၉) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ဩဂုတ်လ (၁၇)ရက်နေ့တွင် မိုးစပါးစိုက်ဧက (၄၀၈၇၉)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ စားသောက်ကုန်နှင့် လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်း
Aug 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆံတော်၊ ဆီ၊ ဆား၊ စားသောက်ကုန်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၅၇)ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွား
Aug 17,2021
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်(၅၇)ရပ်ကွက် နောင်ရိုးလမ်းနှင့် အောင်ဇဗ္ဗူလမ်းထောင့်ရှိ (၅၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ ဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေး တာဝန်ရှိသူများ ထပ်မံစစ်ဆေး
Aug 17,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆေးဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံ
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၈) နာရီ မှစတင်၍ အမှတ်(၁)အခြေခံညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ဘေးအန္တရာဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့ တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရှိ သဘာဝ ဘေးဒဏ်သင့် ဒေသခံပြည်သူများ လတ်တလော သက်သာချောင်ချိမှု ရှိစေရေးအတွက် ထောက်ပံ့ပေးအပ်သော ကူညီကယ်ဆယ်ရေး ပစ္စည်းများထားရှိရာ သိုလှောင်ရုံသို့ ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါကာ ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27385
Page
27386
Page
27387
Page
27388
Current page
27389
Page
27390
Page
27391
Page
27392
Page
27393
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department