သတင်းများ

မိုင်းယုမြို့တွင် ဒေသထွက်လက်ဖက်ခြောက်များ တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချ
Aug 17,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသ မိုင်းယုမြို့တွင် လက်ဖက်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုး၍ မိရိုးဖလာရှေးအစဉ်အလာရ ဒေသတွင်းထွက် လက်ဖက် ခြောက်အဖြစ် ပြုလုပ် ရောင်းချရာ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြသည်။
ပင်လောင်းမြို့နယ်ဆေးရုံသို့ ၄၀လီတာ အောက်ဆီဂျင်ဆလင်ဒါအိုး သုံးလုံးနှင့် ဆေးဝါများ လှူဒါန်း
Aug 17,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါလူနာများအတွက် ၄၀ လီတာ အောက်ဆီဂျင်ဆလင်ဒါအိုး သုံးလုံးနှင့်ဆေးဝါးများအား ယမန်နေ့ကမြို့နယ်ပြည်သူ့ ဆေးရုံသို့ လာရောက်လှူဒါန်းခဲ့သည်။
ဖြူးမြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေး နှိုးဆော်
Aug 17,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ရောဂါကူးစက်ဖြစ်ပွားနေမှုကို လျော့နည်း စေကာ ရောဂါကွင်းဆက်ပြတ်တောက် နိုင်ရေး မိဘပြည်သူများအားပူးပေါင်းပါဝင်ဆောင်ရွက် ကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့၊ နံနက်အစော ပိုင်းက စတင်၍မြို့ပေါ်ရပ်ကွက်အတွင်းလမ်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်(ပန်းဆိုးတန်း) - ဒလသင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ် အချိန်နှင့် အခေါက်ရေများ ပြောင်းလဲပြေးဆွဲ
Aug 17,2021
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသော ကာလများနှင့် ရုံးပိတ်ရက်ရှည် ကာလများအတွင်း ရန်ကုန် (ပန်းဆိုးတန်း) - ဒလ ကူးတို့သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ ကူးသန်းသွားလာမှုပေါ်မူတည်၍ ခရီးသည်များ အဆင်ပြေစေရေးအတွက် ရေယာဉ်ခရီးစဉ် အချိန်နှင့် အခေါက်ရေများကို ပြောင်းလဲပြေးဆွဲပေး လျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ)မှ သိရသည်။
မင်းဘူး(စကု) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်း
Aug 17,2021
ဦးတင်မြင့် (မြို့နယ်အုပ်ချုပ်ရေးမှူး) မေး။ ဟုတ်ကဲ့ဆရာ၊ မင်္ဂလာပါရှင့်၊ အခုပထမဆုံးအနေနဲ့ ကျွန်မတို့မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီးတော့ ဆောင်ရွက်နေမှု အခြေအနေလေး တွေကို ပြည်သူတွေသိအောင် ပြောပြပေးပါအုံးရှင့်။
တာချီလိတ်မြို့၌ ဝါဆိုသံဃာတော်များအား ဆွမ်းဆန်စိမ်းများသွားရောက်ဆက်ကပ် လှူဒါန်း ပေး
Aug 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ဝါတွင်းကာလ ဝါဆိုသံဃာတော်များသီတင်း သုံးရာ ကျောင်းတိုက်သို့ နိုင်ငံတော်မှထောက်ပံ့လှူဒါန်းပေးသည့် ဆွမ်းဆန်စိမ်းနှင့်အလှူရှင် များမှ ထောက်ပံ့လှူဒါန်းသည့်ဆွမ်းဆန်စိမ်းအလှူတော်များကို ယမန်နေ့က ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များက မြို့တွင်းကျောင်းတိုက်များသို့ သွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
မြိတ်မြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချ ရေးဆေးအရောင်းဆိုင်များနှင့် ဆေးကုမ္ပဏီများအား ကွင်းဆင်း စိစစ်
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများသုံးစွဲလျက်ရှိသည့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေး၊ သိုလှောင်၍ ဈေးကစားခြင်းမရှိစေရေးနှင့် ဈေးနှုန်းများမှန်ကန်စွာ ရောင်းချရေး အတွက် ယမန်နေ့ နေ့လယ်ပိုင်းက ဆေးနှင့်ဆေးပစ္စည်းများ လက်လီလက်ကား ဖြန့်ဖြူးရောင်း ချလျက်ရှိသည့် ဆေးအရောင်းဆိုင်များ၊ ဆေးကုမ္ပဏီများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဇော် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်း စိစစ်ခဲ့ကြသည်။
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်ပြည်ပမှ ကျန်းမာရေး အထောက်အကူပစ္စည်းများဝင်ရောက် နိုင်ရေးအများပြည်သူရုံးပိတ်ရက်တွင် ဆောင်ရွက်ပေးလျက်ရှိ
Aug 17,2021
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက် တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းသည့် ကျန်းမာရေးအထောက်အကူ ပစ္စည်းများအား နယ်စပ်ဂိတ်များမှ တင်သွင်းရာတွင် အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေး စခန်းများအား ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိ ဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေငြာချက်များနှင့်အညီ မြန်ဆန်ချောမွေ့နိုင်‌ရေးအ တွက်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။