သတင်းများ

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးမှ စေတနာ့ဝန်ထမ်း (Volunteer)များအတွက် ကျန်းမာရေး အာမခံ Premium ကြေးစာချုပ်များ လွှဲပြောင်းပေးအပ်
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေသော စေတနာ့ဝန်ထမ်း (Volunteer) များအတွက် ကျန်းမျာရေးအာခံ Premium ကြေးစားချုပ်များကို ယမန်နေ့ နေ့လယ်ပိုင်းက မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သက်ဆိုင်ရာ မြို့နယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူးများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
ပုပ္ပားတောင်မကြီးမှထွက်ရှိသည့် ရာသီစာမှိုများ ကျောက်ပန်းတောင်းဈေးကွက်အတွင်း ဝင်ရောက်လာ မှိုရှာဖွေရောင်းချ သူများ ဈေးကောင်းရရှိနေ
Aug 17,2021
ဈေးကွက်အတွင်းသို့ ပုပ္ပားတောင်မကြီးမှထွက်ရှိသည့် ရာသီစာမှိုများဝင်ရောက်လာလျှက်ရှိရာ မှိုရှာဖွေရောင်းချသူများ ဈေးနှုန်းရစွာ ရောင်းချရခြင်းများကြောင့် မှိုအမျိုးမျိုးရှာဖွေရောင်းချနေကြကြောင်း နဂါးလည်ကျေးရွာမှ ဦးအောင်ဝင်း ပြောကြားချက်အရ သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
Aug 17,2021
မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် နှင့် အဖွဲ့ဝင်များ၊ မကွေးလေတပ်စခန်း ဌာနချုပ်မှူးနှင့် မကွေးတပ်နယ်မှူးတို့ တက်ရောက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် လမ်းညွှန်အမှာ စကား ပြောကြားသည်။
(၁)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်​ဆောင်မိခင်များအား ကာကွယ်​ဆေးထိုးနှံ
Aug 17,2021
ကယားပြည်နယ် ​ဘောလခဲခရိုင်ဖား​ဆောင်း မြို့နယ်ပြည်သူ့​ဆေးရုံကြီး၌ ယမန်​နေ့နံနက် ၉နာရီက ကျန်းမာ​ရေးဝန်ထမ်းများမှ မြို့​ပေါ်၊ရပ်ကွက်၊​ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်များအား ​မေးခိုင်ကာကွယ်​ဆေးထိုးနှံ​ပေးခဲ့ပြီး ၁နှစ်​အောက်က​လေးငယ်များအား ပြင်းထန်တီဘီ​ရောဂါ၊ ဆုံဆို့နာ​ရောဂါ၊ ကြက်ညှာ​ချောင်းဆိုး​ရောဂါ၊​မေးခိုင်​ရောဂါ၊အသည်း​ရောင်အသားဝါ(ဘီ)​ရောဂါ၊ဦး​နှောက်အ​မြှေး​ရောင်​ရောဂါ၊ပြင်းထန်အဆုတ်​ရောင်​​ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ၊ဂျပန်ဦး​​နှောက်​ရောင်​ရောဂါ၊ဝက်သက်​ရောဂါ၊ကျိုက်သိုး​ရောဂါနှင့်သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေးများကို ထိုးနှံ​ပေးခဲ့သည်။
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်း အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ် နှင့်အထက် အဘိုးအဘွားများကို တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် နှစ်နေရာခွဲ၍ Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအပတ်)အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁)ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၈)ဦးနှင့် သေဆုံးသူ(၁)ဦးရှိ
Aug 17,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်ရက်နေ့ နေ့လည်ပိုင်းက ဘူးသီးတောင်မြို့နယ် ဝါးရှီးလာကျေးရွာနေ အမျိုးသမီး(၁)ဦး နေမကောင်း၊ အနံမရသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစဉ် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမှ လှူဖွယ် ဝထ္ထုများ ဆက်ကပ်လှူဒါန်း
Aug 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၄) ကျောင်းရှိ ဆရာတော် သံဃာတော်များအနေဖြင့် ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ၌ ဆွမ်းအခက်အခဲ မရှိစေရေးအတွက် ယနေ့နံနက် ၁၁ နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူနှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ဘုန်းတော်ကြီကျောင်း(၄)ကျောင်းအတွက် ဆန်(၄)အိတ်၊ သုံးပိဿာ ဝင်ဆီ(၄)ပုံးကို သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။