သတင်းများ

ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိ၊ (၈)ဦး ဆေးရုံဆင်းခွင့်ပြု
Aug 17,2021
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် (၈)ဦး ပြန်လည် ကျန်းမာ လာသကာ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် နှာခေါင်းစည်း (mask) တပ်ဆင်သွားလာခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေး
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းရှိ/ မရှိ မြို့မစျေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံတွင် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ
Aug 17,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာရှိ သံလွင်မြစ်အတွင်းတွင် သဘာဝရေပြင် အတွင်း ငါးမျိုးစိုက်ထည့်ခြင်အခမ်းအနားကို ယနေ့ နေ့ နံနက်(၈;၃၀)နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်(ယာယီ)ရဲမှူးဇော်မင်း၊ မြို့နယ်ငါးလုပ် ငန်းဦးစီးမှူးဦးနေမျိုးအေးနှင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
တနင်္သာရီမြို့တွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များတွင် ပြည်သူများ ဝယ်ယူသုံးစွဲလျက်ရှိသော နေ့စဉ်သုံး ဆေးနှင့်ဆေးဝါးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးနှင့်ဆေးများကို သိုလှောင်ပြီး ဈေးကစားခြင်း မရှိစေရေး ပြည်သူများမှ ဆေးနှင့် ဆေးဝါးပစ္စည်းများကို အလွယ်တကူဝယ်ယူရရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချနိုင်ရေး
မြင်းမူ၌ ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေရရှိနေ
Aug 17,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ တပင်ရွှေထီးရပ်ကွက်တွင် မိသားစုတစ်ပိုင်တစ်နိုင်အဖြစ် (၃၁၃) ပဲတောင့်ရှည်ပင်များ စိုက်ပျိုးပြီး ခူးယူရောင်းချလျက်ရှိရာ မိသားစုဝင်ငွေပုံမှန် ရရှိလျက်ရှိ ကြောင်း ပဲစိုက်ခင်းပိုင်ရှင်ထံမှ သိရှိရသည်။
မာန်အောင်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များအခမဲ့ဖြန့်ဝေ
Aug 17,2021
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေပေးခြင်းများ ကိုယနေ့ နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ံဆံရေးဦးစီး ဌာနမှဝန်ထမ်းများ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် အချုပ်သား(၅၈)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ
Aug 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အချုပ်သား(၅၈)ဦးအား ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။