နတ်မောက်မြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများကျန်းမာရေးအတွက် လိုအပ်သော ဆေးပစ္စည်းများ အား ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိ

နတ်မောက် သြဂုတ် ၁၇                                                                                   

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၌ ဟန်သစ်ညီအစ်ကိုပရဟိအဖွဲ့မှ ကိုဗစ်-၁၉ ကာလ အတွင်း ပြည်သူများ ကျန်းမာရေးအတွက် လိုအပ်သော ဆေးပစ္စည်းများအား ဈေးနှုန်းချိုသာစွာဖြင့် မြို့မစည်ပင်သာယာရေးဈေးကြီး အရှေ့ဘက် မိဘဂုဏ်စတိုးဆိုင်အနီးတွင် နေ့စဉ် နံနက်(၇)နာရီမှ (၁၀)နာရီအထိ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။                      

ထိုသို့ ရောင်းချပေးလျက်ရှိရာ Mask အထူ ၁ဘူး (၇၀၀)ကျပ်၊ Oximeter တစ်ခု (၅၅၀၀)ကျပ်၊ Covid test Kit  တစ်ခု(၃၅၀၀)ကျပ်၊ Flowmeter တစ်စုံ (၂၈၀၀၀)ကျပ်၊ Enoxa-0.4 (သွေးကြဲဆေး) တစ်ဘူး (၁၁၀၀၀)ကျပ် တို့ကို တစ်ဦးလျှင် တစ်ခုနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ “ယခုလို ကိုဗစ်-၁၉ ကာလအတွင်း ကျွန်တော်တို့ ဟန်သစ်ညီအစ်ကို ပရဟိအဖွဲ့မှ ပြည်သူများအား ကျန်းမာရေးအတွက် လိုအပ်သောပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်အောင် ကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်း ကိုလည်း ကျေးဇူးတင်ရှိပါတယ်၊ “ပိုသူကူ လိုသူယူ” ဆောင်ပုဒ်နှင့်အညီ ဆိုသလိုမျိုး  တကယ်လိုအပ်နေတဲ့ မိသားစုများကို ဦးစားပေးကြပါရန် တိုက်တွန်းပါတယ်၊ ကျွန်တော်တို့ ဟန်သစ်ညီ အစ်ပရဟိတအဖွဲ့မှလည်း နေ့စဉ် ဆက်လက်၍ ရောင်းချပေးနိုင်အောင် ကြိုးစားသွားပါမည်” ဟု ဟန်သစ် ညီအစ်ကိုပရဟိ အဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

ဖြိုးအိအိဇော် (နတ်မောက်)