ကန်ကြီးထောင့်မြို့ အမှတ် ၄ ရပ်ကွက်ရှိ ဟွာမှုံအထည်ချုပ်စက်ရုံ ဝန်ထမ်းများကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ကန်ကြီးထောင့် သြဂုတ် ၁၇            

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ် ၄ ရပ်ကွက် ရှိ ဟွာမှုံအထည်ချုပ် စက်ရုံဝန်ထမ်းများကို ယခုလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင်  ဟွာမှုံအထည်ချုပ်စက်ရုံ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။     

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောက်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့် အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များမှ လာရောက်ကြည့်ရှုကြပြီး ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံသွားနိုင်ရေး လုပ်ငန်းများကို ညှိနှိုင်းမှာကြားခဲ့ သည်။

ဟွာမှုံအထည်ချုပ်စက်ရုံတွင် အလုပ်ဆင်းသူ ဝန်ထမ်း  ၂၈၁  ဦးရှိရာ   သြဂုတ်လ ၁ အရက်နေ့မှ ၁၆ရက်နေ့ အထိ ဆေးထိုးနှံပြီးသူ ၂၄၄ ဦး ဖြစ်ပြီး၊ ကာကွယ်ဆေးမထိုးနှံရသေးသော စက်ရုံဝန်ထမ်း တချို့ကျန်ရှိနေပြီး ဆက်လက်ထိုးနှံသွားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇင်မာ၊ မောင်မောင်မြင့်