ကရသူရိမြို့တွင် ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား စျေးနှုန်းမှန်ကန် စွာရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

 

ကရသူရိ  သြဂုတ်လ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊  ကရသူရိမြို့တွင် ဒေသခံမိဘပြည်သူများဝယ်ယူ သုံးစွဲလျက်ရှိသည့် ဆေးဝါးများပြတ်လတ်မှုမရှိစေရေးနှင့်၊ စျေးနှုန်းမှန်ကန်စွာရောင်းချရေး အတွက် ရပ်ကွက်/ကျေးရွာများရှိ ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကားအရောင်းဆိုင်များအား စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာအဖွဲ့များပူးပေါင်းပြီးကွင်းဆင်းဆောင်ရွက်

ခဲ့ကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ခြင်းကို မြို့အုပ်ချုပ်ရေးမှူး  ဦးအေးမျိုးအောင်နှင့်ကျန်းမာရေးဝန်ထမ်း များ၊ ဌာနဆိုင်ရာများလိုက်ပါပြီး ကိုဗစ်−၁၉ကာလအတွင်း မိဘပြည်သူများ စားဝတ်နေရေး အဆင်မ ပြေဖြစ်နေရသည့်အတွက် ဆေးနှင့်ဆေးပစ္စည်းများစျေးနှုန်းမြှင့်တင်ထားခြင်းရှိ/မရှိ  စစ်ဆေး ခြင်း၊ ဆေးဝါးများကို သိုလှောင်ထားပြီး စျေးကစားခြင်းမပြုရေး၊ ပြည်သူတွေလိုအပ် သည့်ဆေး ဝါးများဝယ်ယူလာပါက  စျေးနှုန်းမှန်ကန်စွာရောင်းချပေးရေး၊ ဆိုင်အတွင်း ဆေးဝါးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့ကို ဆေးနှင့်အခြားပစ္စည်းရောနှော   ရောင်းချနေသောစျေးဆိုင်များနှင့်   ဆေးရောင်းချပေးနေသော  ပုဂ္ဂလိကဆေးရုံး/         ဆေးခန်းများအားစစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးခြင်းသည် ကိုဗစ်−၁၉ရောဂါကူးစက်ပျံ့ပွားနေချိန် ဆေးအရောင်းဆိုင် များ၌ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ယခင်ထက်စျေးနှုန်းမြှင့်တင်ရောင်းချလျက်ရှိနေပြီး စျေးနှုန်းများ မှန်ကန်စွာရောင်းချနိုင်ရေးနှင့် ကိုဗစ်−၁၉ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ရောင်းချနိုင် ရေးစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အလားတူ စားသောက်ကုန်ပစ္စည်းများနှင့် အသား/ငါး၊ အသီးအရွက်များ စျေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရ သည်။