သတင်းများ

ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး ပြည်သူများသိရှိ လိုက်နာ ဆောင်ရွက်ရမည့် အချက်များအား အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Aug 17,2021
မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှု  ဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်
ကလေးမြို့၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုကူညီရေး အသင်းများမှ (Volunteer) များနှင့် စက်ရုံအလုပ်ရုံများမှ ပုဂ္ဂလိကဝန်ထမ်းများကို သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက်ပိုင်းက ဒုတိယနေ့ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပလောက်မြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဆေးဝါးများပြတ်လပ်မှု မရှိစေ ရေးနှင့်စျေးနှုန်းမှန်ကန်စွာရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ စျေးကွက် အတွင်း ကူးစက်ရောဂါကာကွယ်၊ ကုသ‌ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက် အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်း ဆိုင်များကို ယနေ့ နံက် ၈ နာရီက မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့်အောက်ဆီဂျင်အိုးသစ် အလုံး(၃၀) ရောက်ရှိ
Aug 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်အတွက် လိုအပ်သော ၄၀ လီတာဆန့်အောက်ဆီဂျင် အိုးသစ် အလုံး (၃၀)အား ပရဟိတအသင်းများမှ ထပ်မံဝယ်ယူခဲ့ရာ ယမန်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး
Aug 17,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းဈေးရောင်းချနေသူများအား ယနေ့နံနက် ၉နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (ပထမ)အကြိမ်အရပ်ရပ် အခွင့်အရေး လိုင်စင်ရောင်းချပွဲ ကျင်းပ
Aug 17,2021
ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင ်ယမန်နေ့နံနက်ပိုင်းအချိန်ကမြို့နယ် စည်ပင်သာ ယာ ရေးအဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခု MiniBudget အတွက် ပေါင်းတည်မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏(ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချပွဲကို ကျင်းပခဲ့သည်။
ရမည်းသင်းမြိုနယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများပူးပေါင်းပါဝင်သည့် Volunteer များနှင့် ပရဟိတအဖွဲ့(၅)ဖွဲ့ကို အလှူငွေ၊ ဆန်နှင့်ကြက်ဥများထောက်ပံ့လှူဒါန်း
Aug 17,2021
ရမည်းသင်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် Volunteer များနှင့် ပရဟိတအဖွဲ့(၅)ဖွဲ့ကို အလှူငွေ၊ဆန်နှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်းကိုယနေ့နံနက် ၁၀နာရီကရမည်းသင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။