မတ္တရာမြို့နယ်၌ ရွှေတချောင်းမြောင်းအတွင်းသို့ ငါးမျိုးကောင်ရေ ၁၅၀၀၀၀ စိုက်ထည့်
Aug 17,2021
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးမျိုးများမပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံး နိုင်ရေး အတွက် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ မတ္တရာမြို့နယ် ရွှေတချောင်း မြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။