တွံတေး သြဂုတ် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ပြန့်ပွားလျက်ရှိရာ ယနေ့အထိ ရောဂါရှာဖွေတွေ့ရှိသူ အတည်ပြုလူနာ(၅၇၂)ဦးတွေ့ရှိပြီး သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ(၃၈၄)ဦး၊သေဆုံးသူ(၁၃၂)ဦးရှိ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါတုံပြန်ရေး ကော်မတီထံမှ သိရှိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ စင်တာများတွင်ထားရှိကာ မြို့နယ်ကျန်းမာရေးဦးစီး ဌာနက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဆက်လက်ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင်ရာ Isolation Work တွင်ထားရှိပြီး ၎င်းတို့၏ Contact Person တို့အား Home Quarantine ထား၍ အသွားအလာကန့်သတ် စောင့်ကြည့်လျက်ရှိသည်။
တွံတေးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်း များက ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။