သတင်းများ

ထန်းတပင်မြို့နယ်၌ ပရဟိတများနှင့် ပညာရေးမိသားစုများအား ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုး နှံပေးခြင်း
Aug 17,2021
ပဲခူးတိုင်းဒေသကြီး ၊တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေး ခြင်းကို သီရီမင်္ဂလာခန်းမတွင် ယနေ့ နံနက်( ၈ ) နာရီအချိန်က ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာလ၌ ထီးလင်းမြို့ (ယာယီ)ပျံကျဈေးအတွင်း စနစ်တကျ ဝယ်ယူရောင်းချမှုရှိစေရေး တာဝန်ရှိသူများ ကြီးကြပ်ဆောင်ရွက်
Aug 17,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားနေသည့်ကာလ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဝယ်ယူရောင်းချမှု ရှိစေရေးတို့အတွက် မကွေးတိုင်း ဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ယနေ့ နံနက် ၇ နာရီတွင် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က စစ်ဆေးကြည့်ရှု
Aug 17,2021
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်းရှိ လက်ကားရောင်းချသောဆေးဆိုင်များအား လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ(၁၆)ရက် မွန်းလွဲ (၂)နာရီအချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။
မုံရွာမြို့၌ ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဆေးဝါးပြတ်လပ်မှု မရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလ စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသ‌ရေးဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိ‌စေရေးနှင့် စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချနိုင်ရေးအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များ ဆေးဝါးသိုလှောင်ရုံများကို ယမန်နေ့နံနက်(၈)နာရီက ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် ဦးဥတ္တမပန်းခြံ မြေထိန်းနံရံဆောင်ရွက်ခြင်း(၈၀)ရာခိုင်နှုန်းပြီးစီးမှုအား ကွင်းဆင်း စစ်ဆေး
Aug 17,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်မြို့သန့်ရှင်းသာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁ ခုနှစ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဦးဥတ္တမ ပန်းခြံ မြေထိန်းနံရံဆောင်ရွက်ခြင်း(၈၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေအား ရာနှုန်းပြည့်ပြီးစီးရေး အတွက် ကွင်းဆင်းစစ်ဆေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျေးရွာနေပြည်သူများ စုပေါင်း၍ အခြေခံလူတန်းစားများကို ပြန်လည်ထောက်ပံကူညီလျက်ရှိ
Aug 17,2021
ပုသိမ်မြို့နယ် ၊ပေါက်ကုန်းအုပ်စု၊ အုတ်စီကုန်းကျေးရွာရှိ ကိုချစ်ဦးခေါင်းဆောင်သည့် လူငယ် များအဖွဲ့မှ ယနေ့ နံနက်ပိုင်းအချိန်က ပုသိမ်မြို့နယ် ပေါက်ကုန်းကျေးရွာ၊ အုတ်စီကုန်းကျေးရွာနှင့် အမှတ်- ၁၂ နယ်မြေများမှ အခြေခံလက်လုပ်လက်စားအိမ်ထောင်စုများအတွက် ဆန်၊ ဆီ၊ ကြက်သွန်စသောပစ္စည်းများကို ကျေးရွာအတွင်းရှိ အလှူရှင်များမှ စုပေါင်းလှူဒါန်းကြပြီး၊ ကျေးရွာရှိလူငယ်အဖွဲ့များက လုပ်အားဒါနအဖြစ် ဆောင်ရွက်လျက်ရှိကြသည်။
ကန့်ဘလူ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက် ၈ နာရီတွင် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည် ဆောက်နိုင်ရေး ဆရာတော်၊ သံဃာတော်များမှ အလှူငွေများ ပေးအပ်လှူဒါန်း
Aug 17,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ လူနာများအနက် အောက်ဆီဂျင်‌ပေးရန် လိုအပ်‌နေသည့် လူနာများအား အောက်ဆီဂျင် လုံလောက်မှုရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေးကူညီမှု အသင်းတို့မှ‌ အောက်ဆီဂျင်စက်ရုံများတွင် သွား ရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံ အမြန်တည်‌ ဆောက်နိုင်‌ရေး မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ ကြီးမှူး၍ အလှူငွေရရှိရေး ဆောင်ရွက်လျက်ရှိရာ၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ ဆရာတော်/ သံဃာတော်များ က   အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ် ၂   နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။