ကျောက်ဆည် ဩဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးစပါးစိုက်ဧ (၅၂၇၉၉) ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ဩဂုတ်လ (၁၇)ရက်နေ့တွင် မိုးစပါးစိုက်ဧက (၄၀၈၇၉)ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို တိုက်နယ်(၁)တွင်(၂၂၄၀)ဧက၊ တိုက်နယ်(၂)တွင် (၅၇၉၂)ဧက၊ တိုက်နယ်(၃)တွင်(၅၃၄၃)ဧက၊ တိုက်နယ်(၄)တွင် (၄၂၀၆)ဧက၊ တိုက်နယ်(၅) တွင် (၅၉၇၀)ဧက၊ တိုက်နယ်(၆)တွင်(၃၉၀၄)ဧက၊ တိုက်နယ်(၇)တွင်(၂၃၂)ဧက၊ တိုက်နယ် (၈)တွင် (၅၉၉၄)ဧက၊ တိုက်နယ်(၉) တွင် (၄၂၃၃)ဧက၊ တိုက်နယ်(၁၀)တွင် (၅၀၁၂)ဧက၊ တိုက်နယ်(၁၁)တွင် (၄၆၈၈)ဧက၊ တိုက်နယ်(၁၂)တွင် (၅၁၈၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ယခုအခါ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးမျာကို တိုက်နယ်(၁)တွင်(၂၁၃၅)ဧက၊ တိုက်နယ်(၂)တွင် (၅၂၆၅)ဧက၊ တိုက်နယ်(၃)တွင် (၄၀၆၇)ဧက၊ တိုက်နယ်(၄)တွင် (၄၂၀၆)ဧက၊ တိုက်နယ်(၅)တွင် (၅၁၁၈)ဧက၊ တိုက်နယ်(၆)တွင် (၃၆၆၁)ဧက၊ တိုက်နယ်(၇)တွင် (၂၃၂)ဧက၊ တိုက်နယ်(၈)တွင် (၅၀၄၃)ဧက၊ တိုက်နယ်(၉) တွင်(၃၈၁၃)ဧက၊ တိုက်နယ်(၁၀)တွင် (၁၅၃၂)ဧက၊ တိုက်နယ်(၁၁)တွင်(၃၇၆၇)ဧက၊ တိုက်နယ်(၁၂)တွင် (၂၀၄၀) ဧက၊ စုစုပေါင်း (၄၀၈၇၉)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)