တမူးမြို့တွင် အသက်(၆၅)နှစ်အထက်သက်ကြီး ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးစတင်ထိုးနှံ

 

တမူး သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၈) နာရီ မှစတင်၍ အမှတ်(၁)အခြေခံညာအထက်တန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုး ဘွား (၃၀၀၀) ဦးတို့အား ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ် ဆေးလာရောက်ထိုးနှံကြသူများအား ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး ပုံမှန် အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံခြင်းကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမောင်မောင်ကြည်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို သြဂုတ်လ (၁၇) ရက်နေ့မှ(၂၀)ရက်နေ့အထိ နေ့စဉ်နံနက်(၈)နာရီမှစတင်၍ ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံရန် ကျန်ရှိမှု မရှိစေရေးအတွက် အသံချဲ့စက်များဖြင့်လှည့်လည် ၍ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဖိုးကျော်