လှိုင်းဘွဲမြို့နယ်၌ ဆေးဆိုင်များတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေး တာဝန်ရှိသူများ ထပ်မံစစ်ဆေး

လှိုင်းဘွဲ ဩဂုတ် ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဆေးဆိုင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးဆန်းဦးနှင့်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများက ဆေးဝါးနှင့်ဆေးပစ္စည်းများ ရောင်းချနေသော ဆေးဆိုင်များအနေဖြင့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စေရေး၊ ဆေးများဈေးနှုန်းမြင့်တက်၍ ရောင်းချခြင်း ရှိ/မရှိ ဆေးရောင်းမှတ်တမ်း ဘောက်ချာများနှင့်အတူ စစ်ဆေးခြင်း၊ သက်တမ်းလွန်ဆေးဝါး ရောင်းချခြင်းမပြုရန် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။