တနင်္သာရီ ဩဂုတ် ၁၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်ဖြင့် အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အရှေ့မော်တုန်းရွာရှိ အမှတ်(၃၀၆) အမြောက်တပ်ရင်းအတွင်း တပ်ဖွဲ့ဝင်များနှင့် မိသားစုများအား နိုင်ငံသားစီစစ်ရေးကတ်နှင့် အိမ်ထောင်စုဦးရေစာရင်းများကိုကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ပြုလုပ်ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် အသက်(၁၀-နှစ်ပြည့် /၁၈-နှစ်ပြည့်) ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်း၊ နိုင်ငံသားကတ် ပျောက်ဆုံး/ပျက်စီး ၍ မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့အား ဆောင်ရွက်ပေးရာ အသက်(၁၀)နှစ်ပြည့် နိုင်-၃(က)ကျား(၇)ဦး၊ မ(၃)ဦး၊ ပေါင်း(၁၀)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်-၆(က) အမျိုးသမီးတစ်ဦး၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ကတ် အမျိုးသမီးတစ်ဦး၊ နိုင်ငံသား ကတ် ပျောက်ဆုံးကတ်ပြားထုတ်ပေးခြင်း ကျား(၃)ဦး၊ မ(၂)ဦး၊ ပေါင်း(၅)ဦး စုစုပေါင်း ကျား(၁၂)ဦး၊ မ(၅)ဦး၊ ပေါင်း(၁၇)တို့နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၃)စုတို့အား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ်(လဝက)ရုံးက သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း