တန့်ယန်း သြဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊တန့်ယန်းမြို့နယ်တွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆံတော်၊ ဆီ၊ ဆား၊ စားသောက်ကုန်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ဆက်ကပ်လှူဒါန်းခြင်းတွင် ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား စစ်ဗျူဟာအဖွဲ့(အခြေချ)(တန့်ယန်း)မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ခွန်အောင် သွင်နှင့် အရာရှိကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲစသည့် စားသောက်ကုန်နှင့် လှူဒါန်းဖွယ်ရာ ပစ္စည်းများကို ကျောင်းတိုက်များသို့ သွားရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။
ဆက်ကပ် လှူဒါန်းခြင်းတွင် ဦးကျော်ကျော်ဝင်းနှင့် ဇနီး ဒေါ်မေရင် (မိသားစု) နယူးစတားလိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းထားသည့် ဆန် (၂၀၀)အိတ်၊ ဆီ (၆၀)ပုံး၊ ဆား (၆၀)ပိဿာ၊ ကြက်သွန်နီ (၅၀၀)ပိဿာ၊ ကြက်သွန်ဖြူ (၄၀)ပိဿာ၊ ငြုတ်သီးခြောက် (၂၀)ပိဿာ၊ အာလူး (၅၀၀)ပိဿာ၊ ကုလားပဲ (၁၀)အိတ်၊ ကြာဆံ (၁၀၀)ပိဿာ၊ ခရမ်းချဉ်သီး (၁၂၀)ပိဿာ၊ အရောင်တင်မှုန့် (၁၀)ပိသာနှင့် ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေး၊ သွားတိုက်တံ စသည့် လှူဒါန်းဖွယ်ရာပစ္စည်းများကို ကျောင်းတိုက် စုစုပေါင်း (၁၅)ကျောင်းအား ခွဲဝေဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)