ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (ပထမ)အကြိမ်အရပ်ရပ် အခွင့်အရေး လိုင်စင်ရောင်းချပွဲ ကျင်းပ

 

ပေါင်းတည် သြဂုတ် ၁၇

ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင ်ယမန်နေ့နံနက်ပိုင်းအချိန်ကမြို့နယ် စည်ပင်သာ ယာ ရေးအဖွဲ့ရုံး၌ ၂၀၂၁/၂၀၂၂ ခု MiniBudget အတွက် ပေါင်းတည်မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏(ပထမ)အကြိမ် အရပ်ရပ်အခွင့်အရေး လိုင်စင်ရောင်းချပွဲကို ကျင်းပခဲ့သည်။

အဆိုပါလိုင်စင်ရောင်းချပွဲသ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးကျော်၊ အမှုဆောင်အရာရှိ ဦးကျော်စွာလင်း၊ ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာများ စည်ပင်ဝန်ထမ်းများ၊ လိုင်စင်လျှောက်ထားသူများ တက်ရောက်ကြသည်။

ပေါင်းတည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ (၂၀၂၁/၂၀၂၂)ခု MiniBudget အတွက် အရပ်ရပ်အခွင့်အရေးဆိုင်ရာ လိုင်စင်(၄၄)ခုတွင်မြို့နယ် ဝင်ကြေးဘီး ကောက်မပါ(၄၃)ခုအားသက်တမ်းတိုးစံနစ်၊ အညီအမျှခွဲဝေချထားစံနစ်၊ စျေးပြိုင်စံ နစ်ဖြင့် ယနေ့(၁၆.၈.၂၀၂၁)ရက်နေ့တွင်(ပထမ)အကြိမ်ရောင်းချခဲ့ရာ လိုင်စင်(၃၀)ခု အတွက် လိုင်စင်ရောင်းရငွေ (၄၁၉၉၁၀၀၀ိ/) ကျပ်လေးရာတစ်ဆယ့်ကိုး သိန်းတစ် ထောင်တိတိရရှိပြီး ကြမ်းခင်းစျေးအပေါ်(၂၆၀၀၀၀ိ/)ပိုမိုရရှိ၍ ရောင်းရန်ကျန် လိုင်စင်(၁၃)ခုရှိကြောင်းနှင့် ဒုတိယအကြိမ်အား (၂၃.၈.၂၀၂၁)ရက်နေ့တွင်ဆက် လက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။                                                       ချစ်နှင်းသုန်