ရမည်းသင်းမြိုနယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများပူးပေါင်းပါဝင်သည့် Volunteer များနှင့် ပရဟိတအဖွဲ့(၅)ဖွဲ့ကို အလှူငွေ၊ ဆန်နှင့်ကြက်ဥများထောက်ပံ့လှူဒါန်း

ရမည်းသင်း    ဩဂုတ်  ၁၇

ရမည်းသင်းမြို့နယ်အတွင်းကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် Volunteer များနှင့် ပရဟိတအဖွဲ့(၅)ဖွဲ့ကို အလှူငွေ၊ဆန်နှင့်ကြက်ဥများ ထောက်ပံ့လှူဒါန်းခြင်းကိုယနေ့နံနက် ၁၀နာရီကရမည်းသင်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

အဆိုပါ ထောက်ပံ့လှူဒါန်းပွဲအခမ်းအနားတွင် ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံလေ့ကျင့် ရေးတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး ကအမှာစကားပြောကြားပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေသိန်း က မြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနဦးဆောင်၍ ကာကွယ်ဆေးထိုးနှံခြင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ လူနာများအား စနစ်တကျ စီမံဆောင်ရွက်ခြင်းနှင့် ထိန်းချုပ်၊ ကာကွယ်ရေးလုပ်များ ဆောင်ရွက် ရာတွင် Volunteer များနှင့် ပရဟိတအဖွဲ့(၅)ဖွဲ့မှကူညီဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်မြင့်ဦး ကအလှူငွေကျပ်(၅)သိန်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဆန်(၄)အိတ်၊ကောင်းမြတ်သုခ ပုဂ္ဂလိကဆေးရုံ ဒေါက်တာသန်းဇော်ဝင်က အလှူငွေကျပ်(၂)သိန်း၊ ဦးဇော်လွင်ဦး(လုပ်ငန်းရှင်) ဆန်(၅)အိတ်၊ဦးဇော်လတ် (လုပ်ငန်းရှင်) ကြက်ဥ အလုံး(၁၂၀၀)နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ကဆန်(၃)အိတ်တို့ကိုVolunteer များနှင့် ပရဟိတအဖွဲ့ (၅)ဖွဲ့တို့မှ တာဝန်ရှိသူများ၏လက်ရောက်ပေးအပ်လှူဒါန်းရာ Volunteerဦးအေးမင်းမြတ် မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်