ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ကျောက်ဆည် ဩဂုတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းဈေးရောင်းချနေသူများအား ယနေ့နံနက် ၉နာရီခွဲက ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော်ခန်းမ၌ ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ မြို့နယ်အတွင်းဈေးရောင်းချနေသူ (၄၀၂)ဦးအား ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးများကို ဩဂုတ်(၁၆)ရက်နေ့အထိ သံဃာတော် (၆၅၄)ပါး၊ အသက်(၆၅)နှစ် အထက်အဘိုးအဘွား (၂၁၂၇)ဦး၊ ကျန်းမာရေး ဝန်ထမ်း(၁၈၁)ဦး၊ လူမှုရေးအသင်းအဖွဲ့(၁၈၅)ဦး၊ ဘိုးဘွားရိပ်သာမှ အဘိုးအဘွား(၇)ဦး၊ နိုင်ငံ့ဝန်ထမ်းနှင့် မိသားစုဝင်(၁၃၉၂)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၈၄)ဦး၊ ဟိုတယ်မိုတယ် တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေသူ(၁၇၀)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ (၈၀၉)ဦး၊ Super Market ဝန်ထမ်း(၁၀၀၆)ဦး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်း(၄၇၆)ဦး၊ စုစုပေါင်း(၇၀၉၁)ဦးအား  ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး များကို မြို့တော်ခန်းမ၌ နံနက်(၉)နာရီခွဲမှ ညနေ(၃)နာရီအထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

တင်တင်ထွေး