ပုလောမြို့နယ်၌ ဆေးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်း ကြည့်ရှု့စစ်ဆေး

ပုလော သြဂုတ်လ ၁၇

         ကိုဗစ်-၁၉ ကာလအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး သတ်မှတ်အရည် အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေးနှင့် ကိုဗစ်−၁၉ လမ်းညွှန်ချက်နှင့်အညီ ရောင်းချနိုင်ရေးရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီ  ၃၀ မိနစ် အချိန်ခန့်တွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများ၊ မြို့နယ်ဆရာ၀န်ကြီး ဒေါက်တာပြုံးချိုနှင့် ကျန်းမာရေး ၀န်ထမ်းများက မြို့အတွင်း ဆေးဆိုင်များအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း  သိရသည်။

          ထိုသို့ ကြည့်ရှု့စစ်ဆေးရာတွင် စျေးရောင်းသူ၊၀ယ်သူများအနေဖြင့် ကိုဗစ်−၁၉ လမ်းညွှန်ချက် အတိုင်း ရောင်းချရန် ၊ စျေးကွက်အတွင်း စျေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ တရားမဝင်ကုန်ပစ္စည်းများ၊ အတုအပနှင့် အရည်အသွေးနိမ့် ပစ္စည်းများ ရောင်းချခြင်းကို စစ်ဆေးတွေ့ရှိပါက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း  လမ်းညွှန်မှာကြားခဲ့သည်။

အေးအေးမော်