ကလေး ဩဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ လူမှုကူညီရေး အသင်းများမှ (Volunteer) များနှင့် စက်ရုံအလုပ်ရုံများမှ ပုဂ္ဂလိကဝန်ထမ်းများကို သတ်မှတ်စုရပ်နေရာများတွင် ယနေ့ နံနက်ပိုင်းတွင် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာ သတ်မှတ်နေရာများဖြစ်သည့် မြို့နယ်စုပေါင်းရုံး(OSS)၊ မြို့တော်ခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်း အမှတ်(၂)တို့တွင် ဆက်လက် ထိုးနှံပေးပြီး စုရပ်များသို့ ကလေးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ပြည့်သူ့ ကျန်းမာရေးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးရန် လာရောက်သူများကို စာရင်းသွင်း မှတ်တမ်းယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် စနစ်တကျနေရာ ယူစေခြင်းများနှင့် လိုအပ်သည်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးပရဟိတ အသင်းတို့ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ကျော်