ဟားခါး ဩဂုတ် ၁၇
ဟားခါးမြို့၌ ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ် (၂၃) ဦး ထပ်မံတွေ့ရှိပြီး ကိုဗစ် -၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအနက် (၈)ဦး ပြန်လည် ကျန်းမာ လာသကာ ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ဟားခါးမြို့နယ်အတွင်း ရောဂါပိုးလူနာ (၅၃၆)ဦး၊ သေဆုံးသူ (၁၈)ဦး၊ ဆေးရုံဆင်းခွင့်ရသူ (၄၀၀)ဦး၊ ဆေးကုသမှုခံယူဆဲ (၁၁၈)ဦး ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက်)