ချောင်းဆုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် နတ်မှော်ကျေးရွာရှိ သံလွင်မြစ်အတွင်းတွင် သဘာဝရေပြင် အတွင်း ငါးမျိုးစိုက်ထည့်ခြင်အခမ်းအနားကို ယနေ့ နေ့ နံနက်(၈;၃၀)နာရီက ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်(ယာယီ)ရဲမှူးဇော်မင်း၊ မြို့နယ်ငါးလုပ် ငန်းဦးစီးမှူးဦးနေမျိုးအေးနှင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြသည်။
ငါးမျိုးစိုက်ထည့်ရေးစီမံချက်အရ ချောင်းဆုံမြို့နယ်၌ ငါးသယံဇာတပေါများ ရေး၊ ရေရှည် စဉ်ဆက် မပျက်တိုးပွားစေရေးနှင့် ပြည်သူများငါးရိက္ခာပိုမို စားသုံးနိုင်ရန်အတွက် သံလွင်မြစ်အတွင်း ငါးမြစ်ချင်းအကောင်ရေ (၁၀၀၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းနှင့်
ယခုငါးမျိုးစိုက်ထည့်ခြင်းမှာ ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။