မာန်အောင် ဩဂုတ် ၁၇
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များအခမဲ့ဖြန့်ဝေပေးခြင်းများ ကိုယနေ့ နံနက် ၈နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ံဆံရေးဦးစီး ဌာနမှဝန်ထမ်းများ ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် လမ်းသွားလမ်းလာသူများနှင့် စျေးရောင်းစျေးဝယ်သူများအား နှာ ခေါင်းစည်း (Mask) များကို အခမဲ့ဖြန့်ဝေပေးခြင်း၊ ဟောင်းနွမ်းနေသောနှာခေါင်းစည်း (Mask) တပ်ဆင်သူမျာအား အသစ်လဲလှယ်တပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါကာကွယ်ရေး ဆိုင်ရာညွှန်ကြားချက်များနှင့်အညီ နေထိုင်ကြရန် ၊မလိုအပ်ဘဲအိမ်ပြင်မထွက်ရန်၊ မဖြစ်မနေအိမ်ပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) ကိုစနစ်တကျ တပ်ဆင်ပြီးမှသွားလာရန်၊ လူစုလူဝေးရှောင်ရှားရန်၊ အရာဝတ္တု တစ်ခုကိုင်ပြီးတိုင်း လက်ကိုဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍
ကျန်းမာရေးစစ်ဆေးမှုခံယူပြီးဆေးကုသခံယူကြရန်နှင့်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ