သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Aug 17,2021
သဘာသဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကျရောက်လာပါက ပြည်သူများအနေဖြင့် လုပ်ဆောင် ရမည့်လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူလူထုအားလုံး ပူးပေါင်း ပါဝင်ဆောင်ရွက်လာနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။