ပန်းတနော် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(mask) တပ်ဆင်သွားလာခြင်းရှိ/ မရှိ မြို့မစျေးနှင့် လမ်းသွားလမ်းလာ ပြည်သူများအား ယနေ့ နံနက် ၈ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ် မြို့မစျေးအတွင်း စျေရောင်း/ စျေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများ နှာခေါင်းစည်း (mask)တပ်ဆင်ရောင်းချ/ ဝယ်ယူစေရေးနှင့် ဈေးသည်များ စည်းကမ်းမဲ့ရောင်းချမှု မရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လိုက်လံ စစ်ဆေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။