ညောင်တုန်းမြို့နယ်တွင် အချုပ်သား(၅၈)ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံ

ညောင်တုန်း ဩဂုတ်  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အချုပ်သား(၅၈)ဦးအား ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက အချုပ်သား ကျား(၅၆)ဦးနှင့် မ(၂)ဦး စုစုပေါင်း(၅၈)‌ဦးအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်၍ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)