ရေဦး သြဂုတ် ၁၇
လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနအစီအစဉ်နှင့် စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ပထမသုံးလတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
လူမှုရေးပင်စင်အဖြစ် ၂၀၂၁ ခုနစ် ပထမသုံးလဖြစ်သော ဇန်နဝါ ရီ၊ ဖေဖေါ်ဝါ်ရီ၊ မတ် သုံးလအတွက် သက်ကြီးဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် သုံးလ အတွက် ငွေကျပ်သုံး သောင်းနှုန်း ထောက်ပံ့ခဲ့သည်။ လူမှုရေးပင်စင်များပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့်အညီ ရပ်ကျေးစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စာရေး၀န်ထမ်းများက ဘိုးဘွားများလက်၀ယ်အရောက် ပေးအပ်ခဲ့သည်။ ရေဦးမြို့နယ် အနေဖြင့် လူမှုရေးပင်စင် ပထမသုံးလအတွက်သက်ကြီးဘိုးဘွား ၁၁၇၂ ဦးရှိရာ လူမှုရေး ပင်စင် ထောက်ပံ့ငွေကျပ် ၃၅၁၆၀၀၀၀ ကိုထောက်ပံ့ပေးနိုင်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်