ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်းနေမှု ကြည့်ရှုအားပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယနေ့မွန်းလွဲပိုင်းက လက်ပံတန်းမြို့နယ် ကျွန်းကလေးကျေးရွာ ကွင်းအမှတ်(၁၁၇၃)၊ ဦးပိုင်အမှတ်(၁၀/၃) တောင်သူ ဦးသန်းထွန်းနိုင်၏ ဧရာတိုးမိုးစပါးစံကွက် ၃ ဧကတွင် စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။