ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် မိုးစပါးစံကွက် ရိတ်သိမ်း​နေမှု ကြည့်ရှုအားပေး

လက်ပံတန်း  အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ၊ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ယ​နေ့မွန်းလွဲပိုင်းက လက်ပံတန်း​မြို့နယ် ကျွန်းက​လေးကျေးရွာ ကွင်းအမှတ်(၁၁၇၃)၊ ဦးပိုင်အမှတ်(၁၀/၃) တောင်သူ ဦးသန်းထွန်းနိုင်၏ ဧရာတိုးမိုးစပါးစံကွက် ၃ ဧကတွင်  စံကွက်ရိတ်သိမ်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာ တစ်ဧကလျှင် အစိုထွက် ၁၃၀ ဒသမ ၈ တင်းထွက်ရှိခဲ့ပြီး လက်ပံတန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၌ မိုးစပါးစိုက်ဧက (၁၀၁၈၃၈) ဧက စိုက်ပျိုးထားရာ ယခုအချိန်တွင် မိုးစပါးများ ရိတ်သိမ်းချိန်ဖြစ်၍ မိုးစပါးစိုက်ဧကများအနက် (၂၀၃၃)ဧကကို ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)