သတင်းများ

ပျက်စီးယိုယွင်းနေသော နံရံဆေးပန်းချီများ ရှေးမူလက်ရာအတိုင်း ပြန်လည်ပြုပြင်နိုင်ရန်  အမှိုက်သရိုက်နှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်း
Nov 17,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့မှန်ကင်းပရိယတ္ထိစာသင်တိုက်အတွင်း ဝတ်ကြီးလိုဏ်ဂူမှ ပျက်စီးယိုယွင်းနေသော ရှေးခေတ်နံရံဆေးပန်းချီများ ပြန်လည်ပြုပြင်နိုင်ရန် အမှိုက်သရိုက်နှင့် ချုံနွယ်များကို ယနေ့နံနက် ၇ နာရီက ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Nov 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၇ နာရီအချိန်က အမှတ်(၄) ရပ်ကွက်၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအဘိတ် (abate) ဆေးခပ်​​ခြင်း၊ ခြင်ဆေးမှုတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်၌  ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်အတွက် စခန်းဝင်လေ့ကျင့်နေသော ရန်ကုန်တိုင်းဒေသကြီးအားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှု ဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ သုမင်္ဂလာလမ်းရှိ ပဒေသာအားကစားခန်းမ၌  ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်အတွက် စခန်းဝင်လေ့ကျင့်နေသော ရန်ကုန်တိုင်းဒေသကြီး အားကစားသမားများအား တားမြစ်ဆေးဝါးသုံးစွဲမှုဆန့်ကျင်ရေး အသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ညောင်ဦးခရိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ အောက်စီဂျင်အိုး၊ သောက်ရေသန့်ကတ်များလှူဒါန်း
Nov 17,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကုတင် ၂၀၀ ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ နံနက် ၁၀ နာရီအချိန်က အောက်စီဂျင်အိုး၊ သောက်ရေသန့်ကတ်များ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့ သမိုင်းဝင်ဆံတော်ရှင်ကျိုက်ခေါက်စေတီ တန်ဆောင်တိုင်မသိုးသင်္ကန်းရက်ပြိုင်ပွဲ ဆုပေးပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
Nov 17,2024
သန်လျင်ခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော တန်ဆောင်တိုင် မသိုးသင်္ကန်းရက်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့ နံနက် ၇ နာရီတွင် စေတီတော် ရင်ပြင်သုဒ္ဓိယုဝတန်ဆောင်း၌ ကျင်းပခဲ့သည်။
တွံတေးမြို့၌ (၄၇) ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာနှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကျင်းပ
Nov 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံ​တေးခရိုင်၊ တွံတေးမြို့ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သောဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့လှည့်လည်ပူဇော်ပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ရွှေဆံတော်စေတီတော်မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း ဖွင့်လှစ်
Nov 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ Grade-11 နှင့် Grade-12 ဆရာ/မများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီက အထက(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Nov 17,2024
မွန်ပြည်နယ်အတွင်း မြို့များအားလုံးတွင် သန့်ရှင်း၍သာယာလှပြီး မြို့အင်္ဂါရပ်များနှင့်ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်၊ တောင်ဝိုင်းတစ်‌လျှောက်နှင့် မော်လမြိုင်လေဆိပ်အနီးပတ်ဝန်းကျင်တွင် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတို့အပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။