မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေဘေးသင့်ပြည်သူများအား လှူဒါန်းသည့်ပစ္စည်းများ ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်

စဉ့်ကိုင် အောက်တိုဘာ  ၆ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်  လူမှု၀န်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာအုပ်စု (၁၈)အုပ်စုမှ ရေဘေးသင့်ကျေးရွာ ပြည်သူများအား ပစ္စည်းများထောက်ပံ့လှူဒါန်းခဲ့ကြရာ ယနေ့နံနက်ပိုင်းက ရေဘေးသင့်ပြည်သူများလက်၀ယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် မြို့နယ်ဒုတိယဦးစီးမှူး   ဦးဇော်မင်းဆင့်တို့ကအနီးကပ်ကြီးကြပ်၍   မြို့နယ်အဆင့်ဌာနဆိုင်ရာမှ ၀န်ထမ်းများ၊ စာရေး၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအားအဖွဲ့များခွဲ၍ ရေဘေးသင့်ပြည်သူများ လက်၀ယ်အရောက်စနစ်တကျ ထောက်ပံ့ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ   ဆန်(၁၉)ပြည်ပါ (၇၁၇)အိတ်၊ (၂၄)ပြည်ပါ (၅)အိတ် စည်သွပ်ဘူး (၁၁၃၆၆)ဘူး၊  ဆီ (၁၀)ပိဿာပုံး (၅)ပုံး၊  ဆီ(၅၀) ကျပ်သားပါ ဘူး (၅၀၄)ဘူး၊  (၁၂) လုံးပါ  ရေသန့်ကတ် (၀.၅)လီတာ (၁၅၀)ကတ်၊ (၁)လီတာ (၄၃၀)ကတ်၊ အထုပ်(၃၀)ပါ   ခေါက်ဆွဲ ခြောက်ဖာ (၇၁၅၄)ဖာ၊  အထုပ်သေး (၅၀)ပါ   သီးစုံဓာတ်ဆားထုပ် (၂)ထုပ်၊ (၇၂)ခုပါ ဘီစကစ် မုန့်အစုံ (၁၆)ဖာ တီရှပ်အင်္ကျီ (၅၀၀)ထည်၊ ကျား/မ ကလေးဝတ်အင်္ကျီ (၁၉၀၀)ထည်၊ မှို့ခေါင်းအုံး (၇၀)လုံးနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ကျားဝတ်လုံချည် (၂၂၄)ထည်၊ မဝတ်လုံချည် (၂၅၀) ထည်၊  စောင် (၁၀၇)ထည်၊တဘက် (၁၀၇)ထည်၊ တာပေါ်လင်စ(၁၀၇)စ၊ ဒန်အိုး (၁၀၇)လုံး၊  စတီး ဇလုံ (၁၀၇)လုံး၊ တီရှပ်အင်္ကျီ (၄၇၄)ထည်၊ ဆပ်ပြာခဲ (၁၀၇)ခဲ၊ခြင်ထောင် (၂၀၀)လုံး၊  ပလက်စတစ်ပုံး (၁၀၇)လုံး၊ စတီးဓား (၁၀၇)ချောင်း၊ စတီးဇွန်း (၂၁၄)ချောင်း၊ သောက်ရေခွက်(၁၀၇)လုံး၊   ပန်းကန်ပြား (၄၇၄)ချပ်၊   ရေချိုးခွက် (၁၀၇)ခွက်တို့လှူဒါန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)