သတင်းများ

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ လူနာများအား အခမဲ့ကုသပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊  အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ် ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အားအခမဲ့ကုသပေးခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ခင်းများကို ခြောက်တန်းသွား ကောက်စိုက်စက်ဖြင့် ပြန်လည်စိုက်ပျိုးပေးနေမှုနှင့် လမ်းပြုပြင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး
Oct 06,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာအနီး ကွင်းအမှတ်(၁၇၃၂)အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်သူဦးကျော်ဆန်း၏ မိုးစပါးစိုက်ခင်းဧက ၁၆ ဧကတွင် နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွား ကောက်စိုက်စက်များဖြင့် မိုးစပါးများ ပြန်လည်စိုက်ပျိုးပေးနေမှုကို သွားရောက်ကြည့်ရှုသည်။
ရမည်းသင်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးခဲ့သည့် လယ်မြေများအတွက် မျိုးစပါးများ ထောက်ပံ့ပေးအပ်
Oct 06,2024
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ စက်တင်ဘာ ၁၀ ရက်နေ့က ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးသွားသော မိုးစပါးသီးနှံ ပြန်လည်စိုက်ပျိုးရန် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လှူဒါန်းထားသော မျိုးစပါးတင်း(၃၀)ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က (အ.ထ.က-၁)ကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်ခဲ့သည့် မိုးသီးနှံများအား ပြန်လည်ကုစားရန် တောင်သူများနှင့် တွေ့ဆုံ
Oct 06,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် မိုးသီးနှံများအား ပြန်လည်ကုစားရန် တောင်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံတွင်ကျင်းပရာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး‌ဒေါက်တာတင်ထွဋ်  တက်ရောက်ခဲ့သည်။
ဟင်္သာတခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများမှ ​ဇလွန်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ကြည့်ရူအားပေး
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ သန်းခေါင်းစာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီတွင် ဇလွန်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ကြည့်ရူအားပေးခဲ့ကြသည်။
ရေတာရှည်မြို့နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် နေရာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ကျေးရွာများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုင်းတုံမြို့နယ်တွင် အထူးကုဆရာဝန်များပါဝင်သည့် ကုသရေးအဖွဲ့ ရေဘေးသင့်ပြည်သူများအား ကွင်းဆင်းကုသမှုဆောင်ရွက်
Oct 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကဦးဆောင်၍ အထူးကုဆရာဝန်များပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ရေဘေးသင့်ပြည်သူများအတွက် ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။