သတင်းများ

ဘက်ရဲမြို့တွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ကုသပေး
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ဘက်ရဲမြို့တိုက်နယ်ပြည်သူ့ဆေးရုံတွင် ရေဘေးသင့်ပြည်သူများအား ဒုတိယနေ့တွင် အထူးကုဆရာဝန်ကြီး၊ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ ၉ နာရီမှစ၍ ဆက်လက်ကုသပေးလျက်ရှိသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်း အမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ (လောပိတ) ရေထပ်မံမဝင်ရောက်စေရေး ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှု
Oct 06,2024
ဘီလူးချောင်းရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာ ရေစီးကြောင်းများမှ တစ်ဆင့် ဘီလူးချောင်းအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း စက်တင်ဘာလ ၃၀ ရက်မှစတင်၍ ရေများဝင်ရောက်ခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်ရုံအတွင်း ရေထပ်မံဝင်ရောက်မှုမရှိစေရေး ရေကြီးရေလျှံမှုကာကွယ်နိုင်ရန်အတွက် အရှိန်အဟုန် ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေသည်။
မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ပုသိမ်ကြီးမြို့နယ်သို့ ကွင်းဆင်းကြည့်ရှုအားပေး
Oct 06,2024
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာအုပ်စုနှင့် ရန်ကင်းတောင်ကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁နာရီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးစိုးလွင် နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့တွင် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ
Oct 06,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ကလောခရိုင် စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ အင်းတိန်ကျေးရွာ စာသင်ကျောင်း ဖွင့်လှစ်ထားရှိမှုအခြေအနေအား ကွင်းဆင်းကြည့်ရှု
Oct 06,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းမှုကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်‎နေ့မှ ၁၂ ရက်နေ့အထိ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်အချို့၊ ဈေးများပျက်စီးခြင်း၊ ဘာသာရေးအဆောက်အဦအချို့ ပျက်စီးခြင်း၊ လမ်းတံတားအချို့ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည့်အပြင် အခြေခံပညာအထက်‌တန်းကျောင်းပါ ရေဝင်နစ်မြုပ်ခဲ့သောကြောင့် ကျောင်းကိုယာယီပိတ်ထားခဲ့ရာ အောက်တိုဘာလ ၅ ရက်နံနက်ပိုင်းမှစ၍ အဆိုပါစာသင်ကျောင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့‌နယ်၌ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး
Oct 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက်သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒိုက်ဦးမြို့နယ် မိုးစပါးစိုက်ခင်း (သင့်ကိုယ်စားပြု) စံကွက် ရိတ်သိမ်းခြင်းအား ကွင်းဆင်း ကြည့်ရှုအားပေး
Oct 06,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယနေ့နံနက်ပိုင်းက ညောင်လေးပင်ခရိုင်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့်အဖွဲ့ဝင်များနှင့်အတူ ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာရှိ တောင်သူ ဦးရဲမြင့်ဝင်း၏ မိုးစပါးစိုက်ခင်း၊ (သင့်ကိုယ်စားပြု) စံကွက်ရိတ်သိမ်းခြင်းအားကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကအထွက်နှုန်း(အစို) ၁၂၃.၅ တင်းထွက်ရှိကြောင်း သိရသည်။
မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ
Oct 06,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းများကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။