သတင်းများ

မိုင်းဆတ်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Oct 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်ဆတ်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရိုင်သန်းခေါင် စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူ
Oct 05,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဦးရေနှင့်အိမ်ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ (၄)ရက်နေ့ နံနက် (၇)နာရီက ကောက်ယူလျက်ရှိသည်။
ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့်ခဲ့သည့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး
Oct 05,2024
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရမည်းသင်းမြို့ အမှတ်(၃)သိမ်ကုန်းအခြေခံပညာအထက်တန်းကျောင်း ရေဘေးသင့်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ပင်လောင်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား အထူးကုဆရာဝန်များမှ ကွင်းဆင်းဆေးကုသမှု ‌ဆောင်ရွက်ပေး
Oct 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အထူးကုဆရာဝန်းများမှ ရေဘေးသင့်ပြည်သူများ၏ ကျန်းမာရေးကွင်းဆင်းဆေးကုသမှုလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မွေတော်ဘုရားကြီးကျောင်း၌ ဆောင်ရွက်ပေးခဲ့သည်။
မြို့သစ်မြို့နယ်ရှိ ပုလင်းဆည်နှင့် စွန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျခြင်းမရှိ
Oct 05,2024
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ ပုလင်းဆည်နှင့် စွန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိပြီး ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျခြင်းမရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ခန္တီးမြို့နယ်၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Oct 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့ နံနက်(၉)နာရီ အချိန်မှစ၍ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်မြို့နယ် တောင်လုံးညိုကျေးရွာ၌ ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးရွာဘက်စုံဖွံ့ဖြိုးရေး အသိပညာပေး ဆွေးနွေးဟောပြော
Oct 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းဆောင်ရွက်လျက်ရှိသော မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာ၌ ယနေ့မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများပူးပေါင်း၍ ကျေးရွာဘက်စုံဖွံ့ဖြိုးရေး အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၏ (၂၉)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကြီး ကျင်းပမည်
Oct 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး(ကျောက်တော်ကြီးဘုရား)၏ (၂၉)ကြိမ်မြောက် အဘိဓမ္မာ(၇)ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးကို အောက်တိုဘာလ(၈)ရက်နေ့မှ အောက်တိုဘာလ(၁၆)ရက်နေ့အထိ (၉)ရက်တိုင်တိုင် အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မကုန်းတော်ပေါ် တည်ထားကိုးကွယ်လျက်ရှိသော လောကချမ်းသာ အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၏ ဘုရားဝင်းအတွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။