၂၀၂၄-ခုနှစ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ကျောက်ပန်းတောင်း အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ကျင်းပမည့် ၂၀၂၄-ခုနှစ် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအထိမ်းအမှတ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် ပညာရေးဌာနမှ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် အ.ထ.က(၁)၊ အ.ထက(၂)၊ အ.ထ.က(မြို့ရှေ့)နှင့် အ.ထ.က(လေးရွာ)ကျောင်းတို့မှ Grade-9 မှ Grade-12 အထိ၊ ကျောင်းသား/ကျောင်းသူ (၂၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့်အနက် (၂၆)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင် စာစီစာကုံးခေါင်းစဉ်မှာ “ဗလငါးတန်ဖွံ့ဖြိုးဖို့ စာကြည့်တိုက်ကို သွားကြစို့…” ဖြစ်ကြောင်းနှင့် ၎င်းအပြင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံဆွဲပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲများကိုလည်း လာမည့်ရက်များတွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)