တွံတေးမြို့တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ရက) ဖွင့်လှစ်
Oct 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ ရက)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တလုတ္ထော်ကျေးရွာရှိ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။