သတင်းများ

မြစ်သားမြို့နယ်တွင် ရေတိုက်စားပျက်စီးခဲ့သည့် ကသဲကုန်း-ကျွန်းလှလမ်း ပြုပြင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Oct 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပန်းလောင်မြစ်ရေဝင်ရောက်မှုကြောင့် ပျက်စီးသွားသည့် ကသဲကုန်း-ကျွန်းလှလမ်းကို အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို လျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ဒေသတွင်း ဆန်၊ စပါး ဖူလုံပေါများစေရန် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး စီမံကိန်းလျာထားချက်ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Oct 08,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ပွင့်ဖြူမြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Oct 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ဈေးမီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း​ဆေးကုသပေး
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်​လေးပင်မြို့နယ်၊ မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဥ်ဖြင့် ကွင်းဆင်း​​​ကုသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံးဝန်းတွင် အခမဲ့ဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 08,2024
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း တိုက်ကြီးမြို့နယ်၌ လက်ထောက်ဦးစီးမှူးမှ ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည့် ဒုတိယဦးစီးမှူးများ သင်တန်းအမှတ်စဉ် (၉)၊ တန်းမြင့်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၄၅/၂၀၂၄) လုပ်ငန်းခွင်မြေတိုင်းတာခြင်းနှင့် မြေစာရင်းသင်တန်းအမှတ်စဉ် (၇၁/၂၀၂၄) တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က သင်တန်းခန်းမ၌ကျင်းပရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးကျော်ထင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ကဝမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်များထောက်ပံ့ပေးအပ်
Oct 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက အုန်းနှဲကျေးရွာနှင့် သက္ကလမြို့များတွင် ဆောင်ရွက်ခဲ့သည်။