ရေတာရှည်မြို့နယ်၌ မြို့မ​စျေးကြီးအတွင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ လေ့ကျင့်

ရေတာရှည် ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့မဈေးကြီးအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းကာ ဈေးသူ၊ဈေးသားများနှင့်အတူ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်ပွဲ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ မြို့နယ် ဦးစီးမှူး ဦးမင်းဦးနှင့် တာဝန်ရှိသူများက မြို့မဈေးကြီးအတွင်း ရောင်းချ‌နေသည့် ဈေးဆိုင်များ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်တပ်ဖွဲ့ ဒုတိယဦးစီးမှူးဦးသန်းစိုး​အောင်က မီးဘေးအန္တရာယ် ဖြစ်ပေါ်လာ ပါက အန္တရာယ်မရှိစေရေးအတွက် အမြန်မီးငြိမ်း သတ်ခြင်းများ၊ မီးဘေးအန္တရာယ် အရေးပေါ် အချက်ပေးခြင်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများနှင့် မီးလောင်မှုကို မီးသတ် ဆေးဘူးများဖြင့် ကနဦး ငြိမ်းသတ် ခြင်းများကို ရှင်းလင်းပြောကြား၍ ဈေးသူ၊ ဈေးသားများ၊ ဈေးကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များနှင့်အတူ သရုပ်ပြဇာတ်တိုက် လေ့ကျင့် ခဲ့ပြီး​နောက် မီးငြိမ်းသတ်ယာဉ်များဖြင့် မီးငြိမ်းသတ်ခြင်းကို မြို့နယ်မီးသတ် တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များက သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှု ပြုလုပ်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)