သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နေမှု ကွင်းဆင်းစစ်ဆေး

သံဖြူဇရပ် ဒီဇင်ဘာ ၇

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြားနေပြီးဖြစ်၍ ယမန်နေ့နံနက်ပိုင်းက နှစ်ကိုင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ  ကျောင်းတွင် Corner ပြင်ဆင်ထားရှိမှု၊ ကျောင်းပြင်ပ ပြင်ဆင်ထားရှိမှု၊   သင်ထောက်ကူ ထောက်ပံ့ပစ္စည်းများ ထားရှိမှု ရှိ/မရှိ၊ အဆောက်အဦ အခြေအနေ၊ ဆရာမများ  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားမှု အခြေအနေတို့ကို စစ်ဆေးခဲ့ပြီး၊ နှစ်ကိုင်းကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းကို ဒီဇင်ဘာလ(၁) ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားရာတွင်၊ သင်ကြားချိန်အား တစ်ပတ်(၅)ရက်ဖြင့် တနင်္လာနေ့မှ  သောကြာနေ့ရက်များတွင်  နံနက် ၉-နာရီခွဲ မှ ညနေ ၃-နာရီခွဲ အထိ  သင်ကြားပေးပြီး ကျောင်းသား/သူ(၃၇)ဦးတက်ရောက်သင်ကြားနေကြောင်း သိရသည်။

အေးအေးမွန် (ပြန်/ဆက်)