ကရသူရိမြို့တွင် ပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ဆက်လက်နှိုးဆော်ပေး

ကရသူရိ   ဒီဇင်ဘာ   ၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွား မှုလျော့နည်းစေရေးအတွက် ပြည်သူများ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးတိုက်တွန်းနှိုး ဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး   မိဘပြည်သူများ အပြင်ထွက်သွားလာတိုင်း  နှာခေါင်းစည်း  (Mask)ကိုတပ်ဆင်ပါ၊    လက်ကိုမကြာခဏ ဆပ်ပြာနှင့်စက္ကန့်(၂၀)ကြာအောင်   စနစ်တကျဆေးကြောပေးပါ၊     ကိုဗစ်-၁၉ရောဂါကာကွယ် ဆေး မထိုးနှံရသေးသူများ ကာကွယ်ဆေးထိုးနှံထားကြပါရန်နှင့်      ကျန်းမာရေးဝန်ကြီးဌာန၏  ထုတ်ပြန်ချက်များအတိုင်း လိုက်နာနေထိုင်ကြရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း အဆိုပါ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆက်လက်နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)