သတင်းများ

မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၅)ဦး ကျန်းမာရေးပြန်လည် ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ
Dec 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ (၅)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီဖြစ်သောကြောင့်  ယနေ့ နံနက် ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း  သိရသည်။
ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်ရှိ ကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပျိုးများစတင်ပျိုးထောင်နေပြီဖြစ်
Dec 06,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကြက်သွန်နီ စိုက်ပျိုးတောင်သူများ ကြက်သွန်နီစိုက်ပျိုးရန်စတင်ပျိုးထောင်နေကြပြီဖြစ် ကြောင်း ညောင်ဦး မြို့နယ် သစ်ထောင့်ကျွန်းကျေးရွာ ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးနေလင်းထံကသိရသည်။
မိုးနဲမြို့နယ်အတွင်း၌ ‌အ‌ခြေခံပညာစာသင်ကျောင်းများ‌ အေးချမ်းစွာ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ
Dec 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ‌ကျောင်းနေအရွယ် ကျောင်းသား/ ကျောင်းသူများ အသိဉာဏ်ပညာ တိုးပွားလာစေရန် ကိုယ်ရေကိုယ်သွေး ထက်မြတ်လာစေရန် ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုနှစ်အစောပိုင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများပြားလာသည့်အတွက် ကျောင်းများ ယာယီရပ်ဆိုင်းထားခဲ့ရာ ဒီဇင်ဘာလ ၆ ရက် နေ့  ယနေ့မှစ၍ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားပေး‌‌နေပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးပေးနိုင်မှု၁၀၁၂၅၅ဦးထိုးပေးနိုင်ပြီဖြစ်
Dec 06,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးပေးနိုင်မှုကို ယနေ့ နံနက်ပိုင်းအချိန်ထိ ၁၀၁၂၅၅ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး ခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
မိုင်းငေါ့တွင် “ပန်းခင်းစီမံချက်” ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ကျောက်မဲခရိုင် မိုင်းငေါ့မြို့  မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအား ဦးစီးဌာနရုံးမှ ယမန်နေ့ နံနက်ပိုင်းတွင် ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲကြောင်း သိရသည်။
ငါ့သရောက်ဒေသထွက်သောက်ရေအိုးနှင့်အခြားအိုးများဈေးနှုန်းပုံမှန်သာရောင်းချနေရ
Dec 06,2021
ညောင်ဦးမြို့နယ်ငါ့သရောက်မြို့အမှတ်(၃)၊တောင်ကုန်းရပ်မှထွက်ရှိသည့်သောက်ရေအိုးနှင့်အခြားအိုးများ ဈေးနှုန်းအတက်အကျမရှိပဲ ပုံမှန်သာရောင်းချနေရကြောင်း အိုးအမျိုးမျိုး လုပ်ရောင်းချ သည့် ဦးနေလင်းထံကသိရသည်။   
ဆီဆိုင်မြို့တွင် အသက် တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေး
Dec 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်/ ကျေးရွာများမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက် ခြင်းကို ယနေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာန၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးသည်။
မောက်မယ်မြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 06,2021
ရှမ်းပြည်နယ်( တောင်ပိုင်း ) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ပန်းတန် ကျေးရွာအုပ်စု၊ ဖာစန်းကျေးရွာသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။