သတင်းများ

မိုင်းယန်းမြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာများ ပြန်လည်ကျန်းမာလာ၍ နေအိမ်သို့ ပြန်လည် စေလွတ်သူ (၁၇၂)ဦးထိ ရှိလာပြီဖြစ်
Dec 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူ နေသော ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄ ဦးသည် ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်၍ ယမန်နေ့နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ရရှိခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းစတင်ဖွင့်လှစ်ကာ ပညာသင်ကြားပေးလျက်ရှိ
Dec 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း အခြေခံပညာကျောင်းများ ယနေ့နံနက်(၇)နာရီက စတင်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့၌ မြို့တွင်းလမ်းများကောင်းမွန်စေရေး  မြေသားလမ်းမှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းအား ကွင်းဆင်းစစ်ဆေး
Dec 06,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စည်ပင်သာယာရေးဌာနအနေဖြင့် မြို့နယ်သန့်ရှင်းသာယာလှပရေးနှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရေးအတွက် နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်
မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံများ ဧရာဝတီမြစ်ရေကျချိန်တွင် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိ 
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး မြစ်ကမ်းထိန်းဆောင်ရွက်ထားသော ကမ်းထိန်းနံရံမှာ ဧရာဝတီမြစ်ရေကျချိန်တွင် ပျက်စီးမှုများဖြစ်‌ပေါ်လျက်ရှိကြောင်း သိရှိရသည်။
ဟင်္သာတမြို့နယ် တွင်  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး
Dec 06,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့  ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသော ပြည်သူများအား နိုင်ငံသားအရည်အချင်း ပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်းရရှိရေး အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် ဟင်္သာတမြို့နယ်ရုံးမှ ဦးစီးမှူး ဦးစိုးမြင့်အောင် ဦးဆောင်၍ လဝကမှူးဦးမျိုးဝင်းအောင်နှင့် ဝန်ထမ်းများက ဓမ္မီဆင်မသေ ကျေးရွာအုပ်စု ၊ ဆင်မသေကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မိုင်းယုမြို့ရှိ ဈေးဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင် ရွက်ထားခြင်းရှိ/မရှိ  လိုက်လံစစ်ဆေး
Dec 06,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ကုန်စုံဆိုင်၊ ဈေးဆိုင် များနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ လိုက်လံစစ်ဆေးမှုကို ယနေ့နံနက်ပိုင်းက မြို့ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအဖွဲ့မှ လိုက်လံစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ပုံပါကျင်မြို့၊ နမ့်ချန်ကျေးရွာ၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်
Dec 06,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နမ့်ချန်ကျေးရွာ၌ လားဟူတိုင်းရင်းသား များအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း အခမ်းအနားကို ယမန်‌နေ့နံနက်ပိုင်းက နမ့်ချန်ကျေးရွာ၊ အခြေခံပညာမူလတန်း ကျောင်းတွင် ကျင်းပပြုလုပ်‌‌ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လေးမျက်နှာမြို့နယ်တွင် မတ်ပဲစံပြကွက် စိုက်ပျိူးထားမှုအား ကြည့်ရှုစစ်ဆေးပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်
Dec 06,2021
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နေ့လည်(၂:၃၀) နာရီအချိန်က လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာရှိ တောင်သူ ဦးဌေးအောင်ပိုင်ဆိုင်သည့် ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ်၂၆တွင် ဆောင်းသီးနှံ မတ်ပဲစံပြကွက် စိုက်ပျိူးထားရှိမှုနှင့် ပိုက်ဆံလျှော် စိုက်ပျိူးထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ မတ်ပဲနှင့် ပိုက်ဆံလျှော် ထွက်ရှိမှုပမာဏ၊ တင်ပို့ရောင်ချမှုအခြေအနေများ၊ မြေသြဇာ သုံးစွဲမှုအစား ပိုက်ဆံလျှော်သုံးစွဲရာတွင် အဆင်ပြေမှု ရှိ/မရှိမေးမြန်ရာ တောင်သူဦးဌေးအောင်မှ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက်တောင်သူများအား ရင်းရင်းနှီးနှီးနုတ်ဆက်၍ လိုအပ်သည် များကို ပူးပေါင်းဆောင်ရွက်ရန် မှာကြားခဲ့သည်။